อัพเดทสถานการณ์ covid-19 จากพม่า
พบผู้ติดเชื้อในเมืองยาง รัฐฉาน
ผู้ติดเชื้อเดินทางมาจากทางยะไข่
วันนี้ผ้ติดเชื้อเพิ่มขึ้น 45 ราย
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှ လာသူ (၃)ဦး၌ COVID 19 ပိုးတွေ့
https://www.tachileik.net/2020/09/C3.html
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်း၊ ဆီလူးဒေသတွင် ရခိုင်ပြည်နယ်မှ လာသူ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ထိတွေ့သူ (၆၀)ဦးကို အသွားအလာကန့်သတ်ထားပြီဖြစ်ကြောင်း သိရသည်။
“ရခိုင်က လာတယ်။ သူတို့က သြဂုတ်လ (၅)ရက်နေ့က ရန်ကုန်ကနေ ကျိုင်းတုံကိုလာတယ်။ အခုက ဆီလူးငှက်ပျောခြံမှာပေါ့။ အဲဒီမှာ သူတို့က (၆)ယောက်အဖွဲ့လာတာ။ အခုက ကျွန်တော်တို့ စစ်ထားတာမှာ (၃)ယောက် positive တွေ့တယ်။ လောလောဆယ် သူတို့ကို ကျိုင်းတုံဆေးရုံကြီးကို ဒီနေ့ပဲရွှေ့မယ်။ ငှက်ပျောခြံက အယောက် (၆၀)ကျော်ကိုတော့ ဒီနေ့ တစ်ခါထဲ ဓာတ်ခွဲနမူနာ ယူမယ်။ မနက်ဖြန်ပို့မယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ (၅)ရက်နေ့၌ အတည်ပြုလူနာ (၄၅)ဦး ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၂၁၆)ဦးရှိပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~
************
Tachileik News Agency
သတင်း - ချယ်ရီထိုက်
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews
同時也有10000部Youtube影片,追蹤數超過2,910的網紅コバにゃんチャンネル,也在其Youtube影片中提到,...